နှင်းငယ်
Sunday, September 8, 2013
စက္ကူငှက်
ငှက်တော့ငှက်ပါပဲ...
မပျံသန်းနိုင်ဘဲ..
ခေါက်ရိုးကျိုးတွေနဲ့...
အိမ်အ၀င်မှာချိတ်ဆွဲလို့....
အလှပြထားတဲ့....
စက္ကူငှက်......
Phoenix
ဘာရယ်..စိတ်ပျက်အားမငယ်ပါနဲ့တဲ့ လားးး
မသေမချင်းမှတ်ထား
ငါကတစ်ကောင်သေလို့နောက်ကလိုက်သေ တဲ့
အောက်ချင်းငှက်မဟုတ်ဘူး
အလျှံညီးညီးတောက်လောင်နေတဲ့မီးေ တာက်ထဲကနေ
ပြန်လည်နိုးထလာတဲ့
Phoenix ငှက်
အဖေသို့
အဖေ့အတွက် ကဗျာတစ်ပုဒ်
အဖေ...
ငယ်ငယ်က ဖယောင်းတိုင်မီးလေးအောက်မှာ
သမီးကိုစာသင်ပေးတိုင်း အဖေ့ဆံပင်ကောက်လေးတွေမီးလောင်တာ
ကိုကြည့်ပြီး သမီးရယ်ခဲ့တာကို သူပါလိုက်ရယ်ခဲ့တဲ့အဖေ...
အဖေ...
ငယ်ငယ်က G စာလုံးကို ဘယ်လိုမှရေးတတ်ဖို့သင်မရတာကို
စိတ်ရှည်လက်ရှည် သင်ပေးပြီး တကယ်ရေးတတ်သွားခဲ့တော့
ပျော်ရွှင်ခဲ့တဲ့အဖေ...
အဖေ...
သားသမီးနှစ်ယောက်ရကာမှ ဘာဝင်ငွေမှရှာမရလို့
အင်ဂျင်နီယာဘွဲ့ကို ဧည့်ခန်းမှာချိတ်
အိမ်ရှေ့မှာ စက်ဘီးပြင်ကျွေးခဲ့တဲ့အဖေ...
အဖေ...
စက်ဘီးအစုတ်လေးကိုစီး သဲကြိုးပြတ်လုကြက်ပေါင်ဖိနပ်လေး ကိုစီးပြီး
မန်းလေး တောင်မြောက် ပြေးကာ ငွေရှာပေးခဲ့တဲ့အဖေ.....
အဖေ...
ဆယ်တန်းတုန်းကစာကျက်ရင်းနဲ့ အိပ်ပျော်သွားတဲ့သမီးကို
မနှိုးရက်ပဲ သူ့ပခုံးပေါ်ထမ်း အိပ်ရာထဲထိပို့ပေးခဲ့တဲ့ အဖေ...
အဖေ...
ခုသမီးဆရာဝန်တစ်ယောက်ဖြစ်ပြီ...
အဖေ့ကိုပြုစုဖို့အချိန်ရောက်ပြီ ....
အဖေ နားဖို့အချိန်ရောက်ပြီ...
အဖေ ပင်ပန်းလှပြီ...
အဖေ့လက်က ကြမ်းတမ်းတာတွေကိုမြင်ရတိုင်း
အဖေ့လက်က အသားမာတက်တာတွေတွေ့ရတိုင်း
အဖေ့ခြေထောက်က ခြေဖနောင့်ကွဲတာတွေမြင်ရတိုင်း
အဖေ့ကို ဂရုမစိုက်မိခဲ့တဲ့ ဆရာဝန် သမီးမိုက်အဖြစ်
ကိုယ့်ကိုကိုယ် မြင်ယောင်လို့.......
သမီးကြိုးစားနေပါတယ် အဖေ..
သမီးရှေ့လျှောက် အဖေ့ကိုကိုယ်စိတ်နှစ်ပါးလုံးနဲ့ ပြုစုမှာပါ...
အစားထိုးမရတဲ့မိဘတွေကိုသမီးပြုစုမှာပါအဖေ...
အဖေများနေ့အထိမ်းအမှတ်အဖြစ် ကျနော့်အဖေကို ဒီကဗျာလေးနဲ့
ရှိခိုးကန်တော့လိုက်ပါတယ်....
အဖေ...
ငယ်ငယ်က ဖယောင်းတိုင်မီးလေးအောက်မှာ
သမီးကိုစာသင်ပေးတိုင်း အဖေ့ဆံပင်ကောက်လေးတွေမီးလောင်တ
ကိုကြည့်ပြီး သမီးရယ်ခဲ့တာကို သူပါလိုက်ရယ်ခဲ့တဲ့အဖေ...
အဖေ...
ငယ်ငယ်က G စာလုံးကို ဘယ်လိုမှရေးတတ်ဖို့သင်မရတာကို
စိတ်ရှည်လက်ရှည် သင်ပေးပြီး တကယ်ရေးတတ်သွားခဲ့တော့
ပျော်ရွှင်ခဲ့တဲ့အဖေ...
အဖေ...
သားသမီးနှစ်ယောက်ရကာမှ ဘာဝင်ငွေမှရှာမရလို့
အင်ဂျင်နီယာဘွဲ့ကို ဧည့်ခန်းမှာချိတ်
အိမ်ရှေ့မှာ စက်ဘီးပြင်ကျွေးခဲ့တဲ့အဖေ...
အဖေ...
စက်ဘီးအစုတ်လေးကိုစီး သဲကြိုးပြတ်လုကြက်ပေါင်ဖိနပ်လေး
မန်းလေး တောင်မြောက် ပြေးကာ ငွေရှာပေးခဲ့တဲ့အဖေ.....
အဖေ...
ဆယ်တန်းတုန်းကစာကျက်ရင်းနဲ့ အိပ်ပျော်သွားတဲ့သမီးကို
မနှိုးရက်ပဲ သူ့ပခုံးပေါ်ထမ်း အိပ်ရာထဲထိပို့ပေးခဲ့တဲ့ အဖေ...
အဖေ...
ခုသမီးဆရာဝန်တစ်ယောက်ဖြစ်ပြီ...
အဖေ့ကိုပြုစုဖို့အချိန်ရောက်ပြီ
အဖေ နားဖို့အချိန်ရောက်ပြီ...
အဖေ ပင်ပန်းလှပြီ...
အဖေ့လက်က ကြမ်းတမ်းတာတွေကိုမြင်ရတိုင်း
အဖေ့လက်က အသားမာတက်တာတွေတွေ့ရတိုင်း
အဖေ့ခြေထောက်က ခြေဖနောင့်ကွဲတာတွေမြင်ရတိုင်း
အဖေ့ကို ဂရုမစိုက်မိခဲ့တဲ့ ဆရာဝန် သမီးမိုက်အဖြစ်
ကိုယ့်ကိုကိုယ် မြင်ယောင်လို့.......
သမီးကြိုးစားနေပါတယ် အဖေ..
သမီးရှေ့လျှောက် အဖေ့ကိုကိုယ်စိတ်နှစ်ပါးလုံးနဲ့
အစားထိုးမရတဲ့မိဘတွေကိုသမီးပြုစ
အဖေများနေ့အထိမ်းအမှတ်အဖြစ် ကျနော့်အဖေကို ဒီကဗျာလေးနဲ့
ရှိခိုးကန်တော့လိုက်ပါတယ်....
ကျောင်းသူဘဝ
ခုဆေးကျောင်းသားလေးတွေ..သွားဆေးကျောင်းသားလေးတွေ tripသွားတော့
ကိုယ် 4th yr တုန်းက သွားခဲ့တာလေးကို သတိရမိတယ်..
ကျနော်တို့သွားဆေးကျောင်းက ကျောင်းသူကျောင်းသားတွေကိုအဖွဲ့ငါးဖွဲ့ ခွဲပါတယ်.
တိုင်းတစ်တိုင်းမှာရှိတဲ့ မတူတဲ့မြို့နယ်တွေကို တစ်ဖွဲ့ဆီသွားရတာပါ...ကုသမှုကငါးရက်ပေါ့..
ငါးရက်ဆိုပေမဲ့ ကျောင်းသားတစ်ဦးဆီက တစ်ရက်ကို သွားနှင့်ခံတွင်းဆိုင်ရာဟောပြော
ရတယ်..နောက်နှစ်ရက်က SURVEY လို့ခေါ်တဲ့ သွားရောဂါဖြစ်ပွားမှုနှုန်းကို
လူတစ်ဦးချင်းစီ လိုက်ကောက်ရတယ်..နောက်ဆုံးနှစ်ရက်ကတော့ သွားကုသမှုပေါ့..
ဒါကွင်းဆင်းလေ့လာရတဲ့ကျောင်းသူကျောင်းသားတိုင်း ပြုလုပ်ကြရတာပါ...
ဒါနဲ့ ကျနော်တို့အဖွဲ့ကတော့မကွေးတိုင်းစလင်းမြို့နယ်ထဲကို သွားရတာပါ...
စလင်းနဲ့မန်းလေးဆိုတာ အရမ်းကြီးမဝေးပါဘူး..ဒါပေမဲ့ကျနော်တို့ ရှစ်နာရီကထွက်ခဲ့တဲ့
ကားကြီးဟာ လမ်းမှာ လေအိတ်ပေါက်ရတာနဲ့..ကားဘီးပေါက်ရတာနဲ့..
တံတားအကူးမှာဗွက်နစ်ရတာနဲ့ စတဲ့အကြောင်းတွေကြောင့်စလင်းမြို့ကို
ည ၁၁ ကျော်မှရောက်ကြပါတယ်..ဗိုက်ကလည်းဆာ..လူကလည်းအိပ်ချင်...
ရောက်ရောက်ခြင်းလည်းမနားနိုင်ကြပါဘူး..နောက်ရက်အတွက်အစီအစဉ်တွေကို
ဆရာမတွေကဖတ်ပြပါတယ်..မနက်ဖြန်သွားနှင့်ခံတွင်းဟောပြောရမဲ့သူတွေတော့
သေပြီဆြာပေါ့..မနက်ပြောဖို့ ညကိုစာကျက်ရဦးမယ်လေ...ကိုယ်ကတွေးလို့မှမဆုံးသေးဘူး.
မနက်တွက်ဂျူတီတွေချပေးတော့ ကိုယ်က ဟောပြောရမဲ့ထဲပါရော..မိန်းကလေးလေယောက်.
ယောက်ျားလေးကတစ်ယောက်...စုစုပေါင်းငါးယောက်ပြောရမှာပေါ့..
ဒါနဲ့ညတစ်နာရီထိုးသည်ထိ မအိပ်နိုင်ပါဘူး..စာပြန်ကျက်ပေါ့..
အဲ..နောက်ရက်တကယ်ပြောတော့မှ ပြသနာကစတော့တာပဲ...
စလင်းမြို့ဆိုတာ တကယ်တော့ရွာကြီးတစ်ရွာပါပဲ...ကိုယ်တွေကို ဆရာဝန်တွေလို့ပဲ
သတ်မှတ်ထားတော့ ရွာသူရွာသားအကုန်လုံးကသောင်းသောင်းဖြဖြကြိုဆိုလိုက်ကြတာ..
ဟောခန်းအကျယ်ကြီးထဲမှာ ထိုင်ခုံတွေနဲ့ရွာသူရွာသားတွေကထိုင်လို့..ကိုယ်ဟောပြော
မှာကို နားထောင်နေကြတာ..သူတို့ကသာဆရာဝန်လို့သတ်မှတ်ထားတာ..ကိုယ်တွေက
ကျောင်းသူပဲရှိသေးတာဆိုတော့ ပြောရမှာလန့်တာပေါ့..ပြောရမဲ့လူငါးယောက်က
ခေါင်းစဉ်တွေကအစဉ်အတိုင်းပါ..ကျနော်ကလေးယောက်မြောက်ပြောရမဲ့သူ..
ကျနော့်နောက်က ကာကွယ်ခြင်းအပိုင်းကိုယောက်ျားလေးကပြောရမှာ..
ပထမတစ်ယောက်ကပြောပြီးသွားရင် နောက်ဆက်ပြောမဲ့သူကို နာမည် အတန်းနှင့်တကွ
မိတ်ဆက်ပေးခဲ့ရတာပေါ့..ဒါနဲ့ကိုယ့်ကလှည့်ရောက်လာရော..မှတ်မှတ်ရရ ကျနော်က
နှုတ်ခမ်းကွဲ အာခေါင်ကွဲအကြောင်းပြောရတာ..အသံတွေကိုတုန်လို့..အသံတင်မဟုတ်ဘူး..
မတ်တပ်မရပ်နိုင်အောင်ကိုတစ်ကုန်လုံးတုန်ပြီးကြောက်နေတာ..ရွာသားတွေကလည်း
ကြည့်လိုက်တာ..ရှေ့ကြီးမှာမတ်တပ်ရပ်ပြီးကိုယ်တစ်ယောက်တည်းပြောနေရတယ်
ဆိုတဲ့အသိက လူကိုပိုပြီးခြောက်ခြားစေတယ်..ဒါနဲ့ကျနော်ပြီးခါနီးတော့နောက်က
ယောက်ျားလေးကိုမိတ်ဆက်ပေးခဲ့ရတာ..အဲ့မှာ ကျနော်မိတ်ဆက်လိုက်တော့
အားလုံးကရယ်ကြတာပဲ..အဲ့ဒါကိုကျနော်ဘာမှားပြောမိမှန်း..ကိုယ့်ပါးစပ်က
ဘယ်လိုထွက်လိုက်မှန်း မသိလိုက်ဘူး..နောက်မှဆရာက ပြန်ပြောပြတယ်..
ဘယ်နှယ့် ဒီကလေးမ..ကိုယ့်သူငယ်ချင်းကို မောင်အောင်စိုးဦး လို့ ခေါ်ရမဲ့အစား
ဘာလို့ မအောင်စိုးဦးလို့ ခေါ်သလဲတဲ့...ဟိ..အဲ့ကျမှ စောနကရွာသူရွာသားတွေ
ဘာလို့ရီသလဲ သိတော့တာ..မယ်နုတို့များအဲ့လို....
နောက်တတိယနေ့ရောက်တော့ ကျနော့်ကုသမှုအလှည့်..အဲ့ဒီမှာစစ်တပ်ထဲကို
သွားရတာပဲ...စစ်တပ်ဆိုတော့ထုံးစံအတိုင်း ဟိုနေရာမသွားရ..ဒီနေရာမ၀င်ရတွေပေါ့..
ကိုယ်တွေမှာ ယောင်လည်လည်မျက်နှာငယ်လေးတွေနဲ့..ပြီးတော့ မြေကြီးပေါ်
ဘယ်နေရာခြေနင်းနင်း ခူယားတွေ..ပေါလိုက်တဲ့ခူယားတွေမှ..
လမ်းလျှောက်ရင်ကို ကိုယ်တွေကခုန်ဆွခုန်ဆွလေးတွေ...
အဲ့ဒီမှာထမင်းစားကြတော့ ပထမဆုံးပုံစံခွက်နဲ့စားဖူးတာပဲ..ပုံစံခွက်ထဲမယ်
ဟင်းလေးတွေအကန့်အကန့်လေးတွေနဲ့ပေါ့..ကျနော်တို့တွေမစားနိုင်ကြဘူး..
ကိုယ့်ရှေ့ချထားတဲ့ ပုံစံခွက်လေးကြည့်ပြီး ကိုယ့်ကိုကိုယ်ထောင်ကျနေသလားလို့တောင်
တွေးမိတယ်..ကျွေးတာကလည်းကြက်ဥ တဲ့..ကန်းစွန်းရွက်တဲ့...
ကျနော်မစားဘဲထိုင်ကြည့်နေတာကိုမြင်သွားတဲ့ ဗိုလ်ကြီးတစ်ယောက်က
ကျနော့်ကိုလာပြောတယ်..ဆရာမ မစားနိုင်ဘူးလားတဲ့..ကျနော်တို့ဆီမှာတော့
ဒါအကောင်းဆုံးဟင်းပဲဗျတဲ့..စိတ်ထဲမကောင်းဖြစ်သွားတယ်...ဒါနဲ့ကျနော်လည်း
သူစိတ်ကျေနပ်အောင် ထမင်းတစ်လုပ်စား ရေနဲ့တစ်ခါမျောချ..ဒါတောင် မကုန်ရှာဘူး..
ဒါနဲ့ထမင်းစားပြီး ကျနော့်ကုသမှုနေ့ဆိုတော့သွားနှုတ်ရတာပေါ့..အဲ့ဒီမှာကျနော့်လူနာကို
ကျနော်ပထမဆုံးသနားကရုဏာသက်ခြင်းဖြစ်မိတော့တာပဲ..စစ်သားကြီး အသက်ငါးဆယ်
လောက်ပေါ့..အပေါ်အံသွားနှုတ်တာ..ကျနော်ကလည်းကျောင်းသူပဲရှိသေးတော့
အတွေ့အကြုံကလည်းသိပ်မရှိသေးဘူးပေါ့ဗျာ..ကျနော့်စိတ်ထဲမှာဒီသွားထွက်ဖို့ပဲ
ဆန္ဒကပြင်းထန်နေတာ..ကိုယ်နှုတ်နေတုန်းလူနာမျက်နှာကိုအကဲခတ်နေရမယ်ဆိုတာလည်း
နားမလည်သေးဘူး..နှုတ်တာ..အသားကုန်နှုတ်..ကိုယ်က စိတ်ဖိစီးနေတာလည်းပါမှာပေါ့..
သွားထွက်သွားတော့မှ စစ်သားကြီးမျက်နှာလှမ်းကြည့်လိုက်တော့..မျက်ရည်တွေ...
နာလို့ အသံမထွက်ဘဲ မျက်ရည်ကျနေတာထင်တယ်..စစ်သားဆိုတော့ ကျိတ်ခံတတ်
တာလည်းပါမှာပေါ့လေ...ရင်ထဲတကယ်သနားသွားတယ်....လူနာကိုဂရုမစိုက်မိတဲ့
ကိုယ့်ကိုကိုယ်လည်းအဲ့ဒီကျမှ အပြစ်တင်မိတယ်...
ဘာရယ်မဟုတ်ဘူး...မောင်လေးညီမလေးတွေ TRIP သွားတဲ့ပုံလေးတွေ
တင်ထားလို့ ကိုယ့်တုန်းကအကြောင်းလေးပြန်သတိရလာလို့ ရေးလိုက်တာပါ...
ဒါပေမဲ့အဲ့ဒစလင်း TRIP မှာတော့ လူတွေအကြောင်းကို ကောင်းကောင်းကြီးကို
သိခွင့်ရလိုက်တာကတော့ ကိုယ့်အတွက်အမြတ်ပေါ့ဗျာ...
ပြီးတော့တကယ် မောင်အောင်စိုးဦးလို့ပြောရမဲ့ဟာကို မအောင်စိုးဦးလို့မှားခေါ်ခဲ့မိတဲ့အတွက်
အဲ့ဒီသယ်ရင်းလေးကိုလည်း ဒီကပဲတောင်းပန်ပါရစေ...
ညီမလေးသို့
ညီမလေးရေ...ဒီတစ်ယောက်နဲ့ကွဲလို ကိုယ်နဲ့ သဘောထားချင်းမတိုက်ဆိုင်လို့ ချစ်သူဘ၀နဲ့တင် လက်တွဲဖြုတ်လိုက်ရတာ ကိုယ့်အတွက်အမြတ်ပဲလို့ပဲ သဘောထားလိုက်ပါ... ညီမလေးရေ...ယောက်ျားဆိုတဲ့အမျို ကိုယ့်ကိုအကြောင်းအမျိုးမျိုးပြ ကိုယ့်အမှားကြောင့်အချစ်တစ်ခုပြ ညီမလေးရေ...လောကမှာယောက်ျားသားေ ဒီယောက်ျားကြောင့်ပူဆွေးနေရတာနဲ လွတ်မြောက်သွားမှာပေါ့...ကိုယ့် အရေးပါတာမှမဟုတ်တာကွယ်... ညီမလေးရေ..ကိုယ်ရှုံးခဲ့တဲ့ထဲကေ သူတစ်ခြားတစ်ယောက်တွဲလို့ ကိုယ်နောက်တစ်ယောက်ကိုတော့ တွဲမပြလေနဲ့...ကိုယ့်သိက္ခာတွေပဲ ညီမလေးရေ...ကိုယ့်ကိုရက်စက်သွား အကောင်းဆုံးလက်စားချေနည်းကတော့ သူ့ကိုဥပေက္ခာပြုလိုက်ဖို့နဲ့ သူ့ထက်၊သူခုလက်ရှိတွဲနေတဲ့ရည်းစ ကြိုးစားဖို့ပါပဲ.... သူ့ကိုမုန်းနေတာတွေကို ကိုယ့်ဘ၀ရဲ့ခွန်အားအဖြစ်ပြောင်း နောင်တစ်ချိန် ဘ၀တစ်ကွေ့မှာသူ့ကိုပြန်တွေ့တဲ့အ နင်စွန့်ပစ်ခဲ့တဲ့ မိန်းမက ခုဒီလိုအခြေအနေရောက်နေပြီဆိုတာ သူ့ကိုလက်မထောင်ပြနိုင်ဖို့ ကြိုးစားစမ်းပါ ညီမလေးရယ်..... |
အချစ်ဟောင်း၏ ချစ်သူထံသို့ စာလွှာ
ဖေ့ဘုတ်မှာ မင်းနဲ့ relationship ထားထားသလို ငါနဲ့တုန်းကလည်း ထားခဲ့ကြဖူးတယ်.. With My Love လို့ရေးပြီး မင်းနဲ့စုံတွဲပုံလေးတွေ တင်ထားသလို ငါနဲ့တုန်းကလည်း ချစ်ဆုံးနဲ့အတူဆိုပြီး တင်ထားခဲ့ဖူးတယ်... မင်းနဲ့ညစဉ်ညတိုင်း ဖုန်းပြောခဲ့ကြဖူးသလို ငါနဲ့တုန်းကလည်း မိုးလင်းထိပြောခဲ့ကြဖူးတယ်.. မင်းပါးလေးကို သူနမ်းခဲ့သလို ငါ့ပါးလေးကိုလည်း သူမြတ်နိုးစွာ နမ်းခဲ့ဖူးတယ်... ညီမလေးရေ...နှစ်ပေါင်းများစွာလက ငါလိုလူကို ပစ်သွားပြီးမှ မင်းဆီရောက်လာတဲ့လူကို မင်းယုံကြည်ပေးနိုင်တာ ငါအံ့သြမိပါရဲ့ကွယ်... သူ့နဲ့အနွံတာတွေကိုအချိန်ကာလတစ် သည်းခံခဲ့တဲ့ငါလိုလူမျိုးကို စွန့်ပစ်ပြီး ခုမှစတွေ့ ခုမှမြင်ဖူးပြီး ခုမှစကြိုက်တဲ့သူလို လူကို လွယ်လွယ်နဲ့ပြန်ချစ်တဲ့ မင်းကိုလည်း အယုံလွယ်လွန်းသူရယ်လို့ အပြစ်တင်ချင်လိုက်တာ... ညီမလေးရေ...ယောက်ျားလေးတွေဆိုတာ သာယာတာနဲ့ ချစ်တာကို လွယ်လွယ်နဲ့ မခွဲခြားနိုင်တတ်ကြပါဘူး.. မင်းအပေါ်မှာ တကယ်ချစ်တယ်ဆိုရင်တော့ ငါဘာမှ မပြောလိုပေမဲ့.. သာယာမှုဆိုတဲ့ခေါင်းစဉ်အောက်မှာ မင်းကိုမကြာခင်မှာ သူခွဲခွာသွားပါလိမ့်မယ်... ဒါပေမဲ့ညီမလေးရေ....စိတ်ချပါ... မင်းကိုစွန့်ပစ်ပြီး ငါ့ဆီနောက်တစ်ခေါက်လာပြီးချဉ်းက ဆောရီး ပါလို့ပဲ ပြောမိမှာပါကွယ်... ဘာဖြစ်လို့လဲဆိုတော့ သူအတွက်အမြဲဖွင့်ထားခဲ့ဖူတဲ့ တံခါးလေးတံချပ်ကို သူထွက်သွားပြီးကတည်းက အင်္ဂတေနဲ့အသေပိတ်ထားလိုက်လို့ပါပ |
Subscribe to:
Comments (Atom)