Hana updated her status. |
တစ်ခါမှမရောက်ဖူးတဲ့ ခံတပ် တွေကိုရောက်ခဲ့တယ်... နယ်ချဲ့တွေ ရေလမ်းခရီးကနေလာရောက်တာကို တိုက်ခိုက်နိုင်အောင် အင်းဝ၊စစ်ကိုင်းနဲ့ မန်းလေးနေရာသုံးခုမှာ ခံတပ်သုံးခုကို တြိဂံ ပုံ တည်ဆောက်ထားခဲ့ပါတယ်..အင်းဝဘက်မ ရှိတဲ့ စစ်ကိုင်းခံတပ်ခေါ် အစေခံ ခံတပ် နဲ့ ခုမန်းလေးဘက်အခြမ်းမှာရှိတဲ့ စစ်ကိုင်းတံတားအဟောင်းအောက်က သပြေတန်းခံတပ်တွေပေါ့... အဲ့ဒီခံတပ်သုံးခုမှာ သပြေတန်းခံတပ်ကတော့အကြီးဆုံးပါပ ခံတပ်အတွင်းမှာတော့ ရဲမက်တွေနေဖို့ရာအခန်း(အခန်းတစ် တောက်လျှောက်သွားလာနိုင်အောင်အလ အရာရှိနေထိုင်ရာအခန်း..ယမ်းတိုက သက္ကရာဇ် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလ၌ဖြစ်ပွားခဲ့တဲ့ တတိယအင်္ဂလိပ်မြန်မာ စစ်ပွဲမှာ အရှေ့ဝင်းတော်မှူး၊ရတနာသိင်္ဃမြို မဟာမင်းခေါင်ရာဇာဦးစီးတဲ့ မြန်မာတပ်မတော်သားနှစ်ထောင်ကျော ဒီသပြေတန်းခံတပ်မှာ တပ်စွဲလျက် ဆန်တက်လာမည့်ရန်သူများအား တိုက်ခိုက်ချေမှုန်းရန်အသင့်ရှိ ကြိုးစားအားထုတ်ကြသော လွှတ်တော်အရာရှိကြီးများ၏ မခုခံရ ဟူသော အမိန့်ကြောင့် မေဂျာဂျင်နရယ် အိပ်ခ်ျအဲန်ဒီပရင်းဒါဂစ်တ် ဦးစီးသေဲာဗြိတိသျှတပ်ပေါင်းစုသည် ဤခံတပ်ကို သက္ကရာဇ် ၁၂၄၇ ခု၊ တန်ဆောင်းမုန်း လပြည့်ကျော် ၆ ရက် သောကြာနေ့ (၁၈၈၅ ခု နိုဝင်ဘာလ ၂၇ရက်)မှာ တိုက်ခိုက်ခြင်းမပြုရဘဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်.... ဒီသပြေတန်းခံတပ်အတွင်းပိုင်းထဲမ ရှေးဟောင်းသုတေသနဋ္ဌာနက သိမ်းဆည်းထားတာကိုတွေ့ခဲ့ရပါတယ် ခရစ်နှစ် ၁၉၇၉ခုနှစ်မှာ စစ်ကိုင်းမြို့နယ် နန်းတော်ကျွန်းရွာမှ သစ်ဖောင် လုပ်သားတွေဟာရွှံ့ညွှန်ထဲမှာ ကျွန်းလုံးကြီးနစ်မြုပ်နေသည်ထင် တူးဖော်ရမှာ လှေကြီးကိုစတင်တွေ့ရှိခဲ့ခြင်ြး ပြည့်သူ့ကောင်စီနှင့် မန်းလေးမြို့ရှေးဟောင်းသုတေသနဋ္ဌာုတိုင်ပင်ပြီး ဒီသပြေတန်းခံတပ်သို့ရွှေ့ပြောင်း ဖြစ်ပါသည်။ဒီလှေကြီးဟာ အလျား ၇၈ပေ ၊ ၀မ်းအကျယ် ၅ပေခြောက်လက်မ ရှိပြီး ရွှေပိန်းချထားပါတယ်..ရွှံ့ညွန်ထဲ မူလအစိတ်အပိုင်းအများစုမှာ လျော့နည်းပျက်စီးဆွေးမြေ့နေပါတယ ဒါကြောင့်သစ်အစားထိုးဖြည့်စွက်ေ ပြသထားခြင်းဖြစ်ပါတယ်.... .............................. အောက်မှာပြထားတဲ့ပုံတွေကတော့ သပြေတန်းခံတပ် ပါ.. စစ်ကိုင်းခံတပ်အကြောင်းကိုတော့ ဆက်လက်ရေးသားပါဦးမယ်... နှင်းငယ် |







No comments:
Post a Comment