မောင်နဲ့တူတူလျှောက်လှမ်းခဲ့တုန ကျွန်မတစ်ယောက်တည်း လျှောက်မိတော့ ကြမ်းတမ်းလိုက်တာ... ဒီစိန်ပန်းပွင့်တွေပဲ... မောင်နဲ့တူတူ ခူးဆွတ်ခဲ့တုန်းက လှပခဲ့သလောက် ကျွန်မတစ်ယောက်တည်း ခူးဆွတ်မိတော့ အကျည်းတန်လိုက်တာ... ဒီထမင်းဆိုင်လေးပဲ.. မောင်ခွံ့ကျွေးခဲ့တုန်းက ဟင်းမကောင်းပေမဲ့ အရသာရှိခဲ့သလောက် ကျွန်မတစ်ယောက်တည်း စားရတော့ ဟင်းကောင်းပေမဲ့ အရသာမရှိလိုက်တာ... ဒီသီချင်းတွေပဲ.. မောင်လလက်ဖြောက်တီးပြီး သီဆိုပြခဲ့တုန်းက နားဝင်ချိုခဲ့သလောက် ကျွန်မတစ်ယောက်တည်း နားထောင်မိတော့ နားခါးလိုက်တာ... ဒီတောတောင်အရိပ်တွေပဲ.. မောင်နဲ့ နေပူကျဲကျဲ လမ်းလျှောက်ခဲ့တုန်းက အေးမြခဲ့သလောက်.. ကျွန်မတစ်ယောက်တည်း လျှောက်မိတော့ နေရိပ်ထဲမှာကို ပူပြင်းခြောက်သွေ့လိုက်တာ.. မောင်ရေ.. အရာအားလုံးဟာအရင်အတိုင်းပဲ.. အရာအားလုံးဟာ မောင်နဲ့ သွားခဲ့တုန်းကအတိုင်းပဲ တစ်စက်ကလေးမှ မပြောင်းလဲသေးဘူး.. မောင့်ခြေရာလေးများ တွေ့ရလေမလား..ကျွန်မ ရူးမိုက်စွာ လိုက်ရှာမိတော့.. အလို.. မောင့်ခြေရာတစ်စုံက ကျွန်မနှလုံးသား မှာပါလား.... (ဟန်နာစနိုး) |
No comments:
Post a Comment